အမေဂျမ်းနတ်


အမေဂျမ်း ကို ကျောက်ဆည်နယ်တဝိုက် နှင့် တံတားဦးနယ်တို့တွင် အထူးပူဇော်ပသကြသည်။ ကျွဲနွားပိုင်ရှင် တောင်သူလယ်သမားများအား စောင့်ရှောက်ကူညီသည် ဟု ဆိုကြသည်။ ကျွဲသူခိုး ၊ နွားသူခိုးများ ကပါ ကိုးကွယ်ပူဇော်ကြသည်။ 

မြန်မာ့နတ်ရာဇဝင်များ ၌ အမေဂျမ်းနတ် ကို လွန်စွာနှုတ်ကြမ်းသူ ဟု ဖော်ပြကြသည်။

မူလက အမေဂျမ်း မှာ မြန်မာ့ရာဇဝင်များမှာကဲ့သို့ စရိုက်ကြမ်းသူ မဟုတ်သော်လည်း ထန်းရည်သမား ၊ အရက်သမား ကိုတက်ခါး ဆိုသူနှင့် အကြောင်းသင့်ပေါင်းဖက်ရာမှ နောင်တွင် ကိုယ်အမူအရာ ၊ နှုတ်အမူအရာကြမ်းတမ်း သွားသည် ဟု ဆိုကြသည်။ အမေဂျမ်း သည် အဆဲ ၊ အဆို ၊ အပြုအမူကြမ်းတမ်းသောကြောင့် သူတစ်ပါး ၏ သတ်ဖြတ်ခြင်းကို ခံရပြီး သေလွန်သောအခါ နတ် ဖြစ်သည်။ 

အချို့ရာဇဝင်များ ၌ အမေဂျမ်း သည် သူခိုးကြီးငတက်ပြား ၏ ဇနီးဖြစ်ပြီး မင်းမျက်ဒဏ်သင့်သောကြောင့် ကွပ်မျက်ခြင်းကို ခံရရာမှ ကွယ်လွန်၍ နတ် ဖြစ်သည် ဟု ဆိုကြပြန်သည်။


Photo Credit.

Written by KnowLedgeWave.


Comments

Popular posts from this blog

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၄)

ရေငန်ပိုင် ဦးရှင်ကြီး