Posts

Showing posts from September, 2022

အမေရေယဉ်

Image
အမေရေယဉ်နတ် ကို မုံရွာနယ်တစ်ဝိုက်တွင် အများဆုံး ပူဇော်ပသကြသည်။ အမေရေယဉ် ၏ ကိုယ်ပိုင်နတ်နန်းသည် မုံရွာခရိုင် ၊ ယင်းမာပင်မြို့နယ် ဇီးတောရွာအနီးတွင် တည်ရှိသည်။ ရေယှဉ်ကတော် ၊ အနောက်ရေယဉ် ၊ အမယ်ကြီးအိုနတ် ဟု လည်း ခေါ်ဝေါ်ကြသည်။ အမေရေယဉ် ၏ နတ်နန်းတွင် ဒေသအလိုက် နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း ၃ ရက်နေ့မှ ၉ ရက်နေ့အထိ နတ်ပွဲများ ပြုလုပ်ကျင်းပကြသည်။ အရပ်ရပ်မှ သိုးဆောင်းကြီး ၊ သိုးဆောင်းကလေး ၊ နတ်ထိန်း ၊ နတ်ကတော်များ လာ၍ ကန္နား ပေးကြသည်။ တောင်ခြေအနီး အနားတွင် ချောင်း လည်း မဟုတ် ၊ မြောင်း လည်း မဟုတ် ၊ ချိုင့်ဝှမ်းဖြစ်နေသော နေရာတစ်ခုရှိပြီး နတ်ပွဲမရှိပါက ရေခမ်းခြောက်နေတတ်သည်။ နတ်ပွဲများ ကျင်းပလျှင် ထိုနေရာတွင် ထူးဆန်းစွာ ရေပြည့်လျှံနေတတ်သည်။ ထိုနေရာကို ရေယှဉ်ချောင်း (သို့) ရေယဉ်ချောင်း ဟု ခေါ်သည်။ နတ်ပွဲကျင်းပသောရက်များအတွင်း ယင်းမာပင်မြို့နယ်ကျေးရွာများ၌ အလှူမင်္ဂလာ ၊ ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ဘဲ ရှောင်ရှားထားကြသည်။ Photo Credit. Written by KnowLedgeWave.

အမေဂျမ်းနတ်

Image
အမေဂျမ်း ကို ကျောက်ဆည်နယ်တဝိုက် နှင့် တံတားဦးနယ်တို့တွင် အထူးပူဇော်ပသကြသည်။ ကျွဲနွားပိုင်ရှင် တောင်သူလယ်သမားများအား စောင့်ရှောက်ကူညီသည် ဟု ဆိုကြသည်။ ကျွဲသူခိုး ၊ နွားသူခိုးများ ကပါ ကိုးကွယ်ပူဇော်ကြသည်။  မြန်မာ့နတ်ရာဇဝင်များ ၌ အမေဂျမ်းနတ် ကို လွန်စွာနှုတ်ကြမ်းသူ ဟု ဖော်ပြကြသည်။ မူလက အမေဂျမ်း မှာ မြန်မာ့ရာဇဝင်များမှာကဲ့သို့ စရိုက်ကြမ်းသူ မဟုတ်သော်လည်း ထန်းရည်သမား ၊ အရက်သမား ကိုတက်ခါး ဆိုသူနှင့် အကြောင်းသင့်ပေါင်းဖက်ရာမှ နောင်တွင် ကိုယ်အမူအရာ ၊ နှုတ်အမူအရာကြမ်းတမ်း သွားသည် ဟု ဆိုကြသည်။ အမေဂျမ်း သည် အဆဲ ၊ အဆို ၊ အပြုအမူကြမ်းတမ်းသောကြောင့် သူတစ်ပါး ၏ သတ်ဖြတ်ခြင်းကို ခံရပြီး သေလွန်သောအခါ နတ် ဖြစ်သည်။  အချို့ရာဇဝင်များ ၌ အမေဂျမ်း သည် သူခိုးကြီးငတက်ပြား ၏ ဇနီးဖြစ်ပြီး မင်းမျက်ဒဏ်သင့်သောကြောင့် ကွပ်မျက်ခြင်းကို ခံရရာမှ ကွယ်လွန်၍ နတ် ဖြစ်သည် ဟု ဆိုကြပြန်သည်။ Photo Credit. Written by KnowLedgeWave.

ရေငန်ပိုင် ဦးရှင်ကြီး

Image
  ရေငန်ဒေသ ၊ ပင်လယ်ပြင် နှင့် ရေလုပ်ငန်းများဖြင့် မကင်းကြသူများသည် ဦးရှင်ကြီး ကို ပူဇော်ပသကြသည်။ ရေငန်ပိုင်ဦးရှင်ကြီး အကြောင်းနှင့်ပတ်သက်၍ မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ထင်ရှားကျော်ကြားသည်။ ရေနေသတ္တဝါ ဖြစ်သော မိကျောင်းများလည်း အလွန်ပေါသည် ဟု ဆိုကြသည်။ မိန်းမလှကျွန်းတွင် မြရာပင်များနှင့် စိမ်းလန်းစိုပြေနေပြီး ထိုကျွန်း၏ တောင်ဘက်တွင် ကျွန်းညိုကြီး ဟု အမည်ရှိသော ကျွန်းတစ်ကျွန်းလည်း ရှိသေးသည်။ ဦးရှင်ကြီး ကို အချို့က ကျွန်းညိုရှင် ဟုလည်း ခေါ်ဆိုကြသည်။ ကျွန်းညိုကြီးသည် ယခုအခါတွင်မူ လူနေအိမ်ခြေများဖြင့် စည်ကားလျက် ကျွန်းညိုရွာ ဟု ခေါ်နေကြပြီ ဖြစ်သည်။ ရာမညတိုင်း ၊ မွန်လူမျိုးများကောင်းစားစဉ်အခါက ပဲခူးနယ် ၊ စည်တီးရွာသား မောင်ရှင် သည် အသက်အရွယ်ငယ်စဉ်  ဖခင်သူကြီးဖြစ်သူ ကွယ်လွန်သွားသဖြင့် ဆင်းရဲနွမ်းပါးပြီး သူ၏ ထူးချွန်တတ်မြောက်သော စောင်းပညာဖြင့် ငွေကြေးရှာကာ မိခင်မုဆိုးမကြီး ဒေါ်ဖြူ ကို ကျွေးမွေးရသည်။ သားငယ်မောင်ရှင် ကို ရှင်သာမဏေ မဝတ်ပေးရသေးသောကြောင့် ဒေါ်ဖြူက သူမ၏ ခင်ပွန်း မကွယ်လွန်မီ ကောင်းစားစဉ်အခါက အစ်မဖြစ်သူ ဒေါ်သူ အား ငွေ (၃) ပိဿာ ချေးငှားပေးခဲ့ဖူးသည်ကို သတိရ၍ ယခုအခါ ဒေ...

တောင်ပြုန်း အဆက်အနွယ် နတ်များ

Image
ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တွင် ရွှေဖျဉ်းညီနောင် မှာ နတ် ဖြစ်ပြီး အပြင် (၃၇) မင်း နတ်များ စာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခေတ် အချိန်အခါက ရွှေဖျဉ်းညီနောင် နှင့် တစ်ဆက်တည်း နတ် ဖြစ်ကုန်သော နတ်အနွယ်တော်များ ရှိခဲ့သေးသည်။ ၎င်းနတ်များကို လူအများ ကိုးကွယ်ပူဇော်နေကြသေးသည်။ ထိုနတ်များသည် အပြင် (၃၇) မင်း နတ်များစာရင်းတွင် မပါဝင်သောလည်း ကိုးကွယ်မှုခံယူနေကြရသော နတ်အနွယ်များ ဖြစ်သည်။

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၄)

Image
  အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃)  တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း ကို ဆက်လက်ဖော်ပြပေးသွားပါမည်။ ယခုအပိုင်းသည် အပြင် (၃၇) နတ်တပါးချင်းစီ ၏ အကြောင်းအရာများကို ဖော်ပြမည့် နောက်ဆုံးအပိုင်းလည်း ဖြစ်ပါသည်။  ၂၅။     မောင်ဖိုးတူနတ် မောင်ဖိုးတူနတ် သည် ပင်းယမြို့သား လက်ဖက်ကုန်သည် ဖြစ်သည်။ အင်းဝပထမမင်းခေါင် (၇၆၃ - ၇၈၃) လက်ထက် ဝန်တင် နှင့် မိုးမိတ် ၊ သီပေါမြို့သို့ အရောင်းအဝယ်လုပ်၍ အပြန်လမ်းတွင် လက်ဖက်ကုန် တင်လာရာ လမ်း၌ ကျားကိုက်သဖြင့် ကွယ်လွန်ပြီး နတ် ဖြစ်သည်။ ၂၆။       အနောက်မိဘုရားနတ် အနောက်မိဘုရားနတ် သည် အင်းဝပထမမင်းခေါင် ၏ အနောက်ဆောင်မိဘုရား ဖြစ်သည်။ အင်းဝမြို့အနောက်ဘက် ဝါခင်း သို့ မောင်းမတော်များနှင့် အပျော်အပါးသွားရာတွင် မီးဖွားပြီးချိန် သွေးနုသားနုဖြစ်ချိန်၌ မင်းကျော်စွာနတ်ကြီး မြင်းစီးလာသည်ကို မြင်တွေ့မိသဖြင့် သတိလစ်မေ့မျောသွားရာ ကံကုန်ပြီး နတ် ဖြစ်သည်။ နတ်ရုပ်တု ထုလုပ်ရာတွင် အခြားနတ်များနှင့်မတူ သားငယ် ကို ပွေ့ပိုက်ပြီး နို့ချိုတိုက်ကျွေးနေဟန် ထုလုပ်ရသည်။ ၂၇။     အ...