(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၃)
အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း ကို ဆက်လက်ဖော်ပြပေးသွားပါမည်။
၁၁။ ပရိမ္မရှင်မင်းခေါင်နတ်
၁၂။ ရွှေဖျဉ်းကြီး
တောင်ပြုံးအရပ် တွင် အနော်ရထာမင်းကြီး ဘုရားတည်ရာမှ အုတ်နှစ်ချပ် လစ်လပ်သည့် ပြဿနာနှင့် ပတ်သက်၍ ကွပ်မျက်ခံရရာ ကွယ်လွန်ပြီး နတ် ဖြစ်သည်။
၁၃။ ရွှေဖျဉ်းလေး
ရွှေဖျင်းလေးနတ် ကို မင်းလေး ၊ နောင်တော်လေးနတ် ဟု ခေါ်ဆိုကြသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက် သထုံမှ ကုလားဗျတ္တ နှင့် ပန်းစားဘီလူးမ မယ်ဝဏ္ဏ တို့၏ သားနှစ်ဦး အနက် သားငယ် ဖြစ်သည်။
တောင်ပြုံးအရပ်တွင် ဘုရားတည်ရာမှ အုတ်နှစ်ချပ်လစ်လပ်သည့် ပြဿနာ ဖြစ်သဖြင့် အစ်ကိုဖြစ်သူ ရွှေဖျဉ်းကြီး နှင့် အတူ ကွပ်မျက်ခံရပြီး နတ် ဖြစ်သည်။
မကျေနပ်သဖြင့် အနော်ရထာမင်းကြီး ၏ ဖောင်တော် ကို တန်ခိုးဖြင့် ဆွဲ၍ ကိုယ်ထင်ပြသဖြင့် နတ်ကွန်းတည်ဆောက်ပြီး ကိုးကွယ်စေခဲ့သည်။
၁၄။ မန္တလေးဘိုးတော်
မန္တလေးဘိုးတော်နတ် သည် ရွှေဖျဉ်းညီနောင် တို့အား အနော်ရထာမင်း ၏ အမိန့်အရ မွေးစားထိန်းသိမ်းရသူ ပုဏ္ဏားမျိုးနွယ် ဖြစ်သည်။ ရွှေဖျဉ်းညီနောင် တို့နှင့် အတူကွပ်မျက်ခံရပြီး ကွယ်လွန်ရာမှ နတ် ဖြစ်သည်။ မန္တလေးအရပ် တွင် ကွပ်မျက်ခံရသောကြောင့် မန္တလေးဘိုးတော် ဟု ခေါ်ဆိုကြသည်။
၁၅။ ရှင်ကွနတ်
၁၆။ ညောင်ချင်းအိုနတ်
ညောင်ချင်းအိုနတ် သည် သထုံမနူဟာမင်း နှင့်အတူ သုံ့ပန်းအဖြစ် ပုဂံပြည် သို့ လိုက်ပါလာသော မွန်မင်းသားတစ်ပါး ဖြစ်သည်။ အနော်ရထာမင်းကြီး လက်ထက်တွင် ကုဠနူနာ ရောဂါဖြင့် ပုဂံတွင် အနိစ္စရောက်ရာမှ နတ် ဖြစ်သည်။
၁၇။ မင်းစည်သူနတ်
၁၈။ မင်းသားဒန်းမောင်ရှင်နတ်
၁၉။ ကိုကြီးကျော်
ကိုကြီးကျော် နှင့် စပ်လျဉ်း၍ အမည်တူများရှိသဖြင့် အငြင်းပွားဖွယ်ဇာတ်လမ်းများ ရှိသည်။ မင်းကျော်စွာနတ် ဟု ခေါ်သည်။
မွန် တို့နှင့် တိုက်ရသော စစ်ပွဲတွင် ဒလဒေသ ၌ ကျဆုံးသဖြင့် ဒလမင်းကျော်စွာနတ် ဟု ခေါ်ဝေါ်ကြပြန်သည်။
၂၀။ အောင်စွာမကြီးနတ်
အောင်စွာမကြီးနတ် သည် ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီး ၏ အမတ် ငအောင်စွာ ဖြစ်သည်။ နရပတိစည်သူမင်းကြီး က နရသိင်္ခမင်း ကို လုပ်ကြံခိုင်းရာ အောင်မြင်လျှင် မရီးတော်တစ်ဦးနှင့် ပေးစားမည် ဟု ကတိပေးသည်။
အောင်မြင်သောအခါ၌ ကား ကတိအတိုင်း မပေးစားသဖြင့် "ထွီ" ဟု ဆိုမိရာမှ အမြတ်တော်ရှ၍ ကွပ်မျက်ခံခဲ့ရသည်။ ထိုသို့ ကွပ်မျက်ခံခဲ့ရာမှ နတ် ဖြစ်သည်။
၂၁။ ရွှေစစ်သင်နတ်
ရွှေစစ်သင်နတ် သည် ပုဂံစောမွန်နစ်မင်းကြီး ၏ သားတော် ဖြစ်သည်။ ခမည်းတော် က စစ်ချီတက်စေရာတွင် ပေါ့လျော့စွာဖြင့် ကြက်တိုက်နေသောကြောင့် အမျက်သင့်၍ ခြေထိပ်ခတ်ခဲ့ရသည်။ ထိုသို့ဖြင့် အနိစ္စရောက်ရာမှ နတ် ဖြစ်သည် ဟု အဆိုရှိကြသည်။
၂၂။ မယ်တော်ရွှေစကားနတ်
မယ်တော်ရွှေစကားနတ် သည် ပုဂံစောမွန်နစ် ၏ မိဘုရား ၊ ရွှေစစ်သင်မင်းသား ၏ မယ်တော် ဖြစ်သည်။ သားတော် ကွယ်လွန်ကြောင်းကြားရာမှ ကြေကွဲကာ အနိစ္စရောက်၍ နတ် ဖြစ်သွားသည်။
၂၃။ ငါးစီးရှင်နတ်
ငါးစီးရှင်နတ် သည် ပင်းယသီဟသူမင်းကြီး ၏ သားတော် ဖြစ်သည်။ ဘုရင် ဖြစ်၍ နန်းစံသက် (၉) နှစ်တွင် ရုတ်တရက်ဖျားနာ၍ ကွယ်လွန်ပြီး နတ် ဖြစ်သွားသည်။
(ဤ ငါးစီးရှင်နတ် သည် ယခင် ပုဂံခေတ်ငါးစီးရှင်နတ် နေရာတွင် အစားထိုးခံရသော နတ် ဖြစ်သည်)
၂၄။ မင်းတရားနတ်
မင်းတရားနတ် သည် တရဖျားမင်း ဖြစ်သည်။ ဆင်ဖြူရှင်မင်းတရားကြီး ၏ သားတော် လည်း ဖြစ်သည်။ အထိန်းတော် ငနောက်ဆံ လုပ်ကြံသောကြောင့် နန်းစံသက် (၇) လ ဖြင့်ပင် နတ်ရွာစံရာမှ နတ် ဖြစ်သွားသည်။
အပိုင်း (၄) တွင် ဆက်လက် ဖော်ပြပေးသွားပါမည်။
Written by KnowLedgeWave.
Comments
Post a Comment