ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်သော နည်း(10) မျိုး

 ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ နည်းလမ်းတွေဟာ ယေဘုယျအားဖြင့် ၁၀ မျိုး ရှိပါတယ်။ ထိုနည်းလမ်း ဆယ်မျိုးဟာ သပိတ်မှောက်ဆန္ဒပြခြင်းသော်၎င်း ၊ ကိုယ်အမူအရာနှုတ်အမူအရာအားဖြင့်သော်၎င်း ၊ နိုင်ငံရေးကမ်ပိန်းလှုပ်ရှားမှုများလုပ်၍သော်၎င်း ၊ အာဏာဖီဆန်ခြင်းကို ပြုလုပ်ခြင်းသော်၎င်း စသည့် အကြောင်းအရာများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။









ဈေးဝယ်သူတွေရဲ့ ဝေဖန်မှုများ

 

နာမည်ကြီးထုတ်ကုန်တွေ ဈေးတက်ပြီဆိုတာနဲ့ လူမှုကွန်ယက်တွေမှာ ၊ လူနေပတ်ဝန်းကျင်တွေမှာပါ ဝေဖန်သံတွေ အများကြီးထွက်လာတတ်တာ သင်ကြုံဖူးမှာပါ။ ထိုအသံတွေက ဘယ်လောက်ပဲ ခမ်းနားကြီးကျယ်လှပါပေ့ဆိုတဲ့ ကုမ္ပဏီကြီးတွေကိုတောင် လှုပ်ခတ်စေပါတယ်။ စားသုံးသူတွေ ၊ ဈေးဝယ်သူတွေဟာ ထုတ်ကုန်တခုခုကို အလွယ်လေးဝယ်ယူလေ့မရှိပါဘူး။ နာမည်အခေါ်အဝေါ် ၊ ပုံပန်းသဏ္ဍာန် ၊ ခံစားချက် ၊ ဆက်ဆံပုံ ၊ အရသာ ၊ အသံ စတယ့် အမျိုးအစားတွေပေါ် မူတည်ပြီး ဈေးဝယ်သူတွေ လိုက်ကြပါသေးတယ်။



ပူးပေါင်းဆောင်ရွက်ခြင်းများ

 

ကုမ္ပဏီတွေအပေါ် လူအများစုဟာ ရှယ်ယာပိုင်ဆိုင်ထားမှုတွေ ၊ အလုပ်ခန့်အပ်မှုတွေ ၊ ရင်းနှီးမြုပ်နှံမှုတွေ ၊ လုပ်ဖော်ကိုင်ဖက်လုပ်မှုတွေနဲ့ လွှမ်းမိုးထားနိုင်ကြပါတယ်။ ဘယ်သူမဆို ကုမ္ပဏီရင်းနှီးမြှုပ်နှံသူတွေအဖြစ်နဲ့ ဖိအားပေးနိုင်သလို ခေါင်းဆောင်ပိုင်းတွေ မှ အလုပ်သင်တွေအထိ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်လည်း ပြောင်းလဲမှုတွေကို တောင်းဆိုဖြစ်ပေါ်လာနိုင်စေတာပါ။



နိုင်ငံရေး

 

အစိုးရတရပ်အပေါ် ၊ နိုင်ငံရေးသမားတွေအပေါ် ဥပဒေဆိုင်ရာလိုအပ်ချက်တွေ ၊ မူဝါဒရေးရာလိုအပ်ချက်တွေ ၊ စည်းမျဉ်းစည်းကမ်းတွေကို တောင်းဆိုခြင်းဖြင့် ပြောင်းလဲမှုတွေိကို ဖြစ်စေပါတယ်။ လူတိုင်းသိကြတဲ့အတိုင်း အစိုးရအသီးသီး နိုင်ငံအသီးသီးမှာ အဆင်ပြေမှု ၊ အပြစ်ကင်းစင်မှုဆိုတာ မရှိတာကြောင့် နိုင်ငံရေးအရ ပြောင်းလဲခြင်းတွေလုပ်ခြင်းဖြင့် ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တာပါ။



အသိပညာပေးခြင်းများ

 

ပြဿနာတခုခုဖြစ်လာပြီဆိုတာနဲ့ ဖြေရှင်းဖို့ အသိပညာပေးမှုတွေဟာ လူတွေကို သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ လှုပ်ရှားမှုတခုခုဟာ အရေးကြီးတယ်လို့ လူထုက သိရှိလာတဲ့အခါ ကူညီနိုင်ဖို့ ၊ ရှာဖွေဖော်ထုတ်ဖို့ အားသွန်ခွန်စိုက်နဲ့ ဝိုင်းဝန်းကြိုးပမ်းကြရင်း ပြောင်းလဲမှုအရပ်ရပ်ကို အပြုသဘောအနေနဲ့ ဖြစ်ပေါ်လာစေမှာ အမှန်ပါပဲ။



အဖွဲ့အစည်းဖြင့် လှုပ်ရှားမှုများ

 

အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်မှုတွေ ၊ အသိအမှတ်ပြုမှုတွေ ၊ ပြန်လည်သုံးသပ်ခြင်းတွေ နဲ့ စွမ်းရည်တိုးတက်ရေးအပြုအမူတွေ စတာတွေ ရှိတာကြောင့် ပြောင်းလဲမှုတွေိကို ဖြစ်စေနိုင်ပါသေးတယ်။ အဖွဲ့အစည်းတခုဟာ အင်အားပိုမိုကြီးထွားလေလေ ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်လာလေလေ ဖြစ်ပါတယ်။



စေတနာ့ဝန်ထမ်းလုပ်မှု

 

အဖွဲ့အစည်းတခုခု (သို့) အသင်းကြီးတခုခုမှာ စေတနာ့ဝန်ထမ်းလုပ်ခြင်းတွေဟာ ကျွမ်းကျင်မှု ၊ အတွေ့အကြုံ ၊ အတွေးအခေါ် ၊ ဗဟုသုတ အသစ်တွေကို ပေးစွမ်းနိုင်ပါတယ်။ အကျိုးမြတ်အနေနဲ့ တိုးတက်စေသလို လူမှုရေးဘက်ကကြည့်ရင်လည်း မိတ်ဆွေအသစ်တွေတိုးပွားလာနိုင်ပါသေးတယ်။



အများဝိုင်းဖွဲ့ကူညီကြခြင်း

 

အင်တာနက် ဟာ လူအများအပြားကို ဆုံးဖြတ်ချက်များချခြင်း ၊ လတ်တလောဖြစ်ပျက်နေတဲ့ပြဿနာများကို ဝိုင်းဖွဲ့ဖြေရှင်းစေခြင်း စတဲ့ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေနဲ့ တိုးတက်တဲ့အမြင် ၊ ပွင့်လင်းသောလူ့အဖွဲ့အစည်းဆီသို့ ချီတက်စေနိုင်ပါတယ်။ လူအများအပြားကို ကမ်ပိန်းလှုပ်ရှားမှုတွေမှာ ပါဝင်လာစေခြင်း ၊ ဆင်းရဲမှုလျော့ချခြင်းကိစ္စရပ်များ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့ကြောင့် ကမ္ဘာအတွက် တိုးတက်စေတဲ့ဖြစ်ရပ်တွေကို မနားမနေလည်ပတ်နေစေမှာပါ။



လှူဒါန်းခြင်း

 

လှူဒါန်းခြင်းဟာ စေတနာရှင်တွေ ၊ လှုပ်ရှားမှုကမ်ပိန်းတွေ နဲ့ အဖွဲ့အစည်းတွေ အနုပညာရှင်တွေ Social Influencer တွေ နဲ့ မဝေးတဲ့အနေအထားမှာ ရှိပါတယ်။ လှူဒါန်းမှုကတဆင့် သုတေသနပြုလုပ်လို့ရသလို ပညာရေးနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ အရင်းအနှီးကို ထည့်ဝင်လို့ရနိုင်ပါသေးတယ်။ ငွေကြေးဟာ လှူဒါန်းမှုတွေမှာ အလွန်အရေးကြီးပါတယ် ဒါပေမဲ့ လူအများစုကတော့ သူတို့ရောင်းမယ့် (သို့) အသုံးပြုပြီးတဲ့ပစ္စည်းတွေကို လှူကြတာတော့ အများဆုံးပါ။




အကျင့်စရိုက်များကို‌ပြောင်းလဲစေခြင်း

 

အကျင့်စရိုက်တွေကိုပြောင်းလဲစေခြင်းတွေကိုလည်း ဒေသအနှံ့လိုက်လံစည်းရုံးခြင်းအားဖြင့် ရှေးရိုးစွဲမပြောင်းမလဲကျင့်သုံးခြင်းများမှတဆင့် ပိုမိုဖွံ့ဖြိုးတိုးတက်သောလူနေမှုစနစ်သို့ တက်လှမ်းစေနိုင်ပါတယ်။

ဥပမာ - အမှိုက်သရိုက်ပေါများလာခြင်း ၊ ဂေဟစနစ်ပျက်ဆီးခြင်း ၊ မြေဆီမကောင်းမွန်မှုကိုအန္တရာယ်ရှိသည့် ပလတ်စတစ်ရေဘူးတွေကို သောက်မည့်အစား ရေပိုက်ခေါင်းများမှတဆင့်သောက်သုံးသည့် အကျင့်စရိုက်များကို ပညာပေးလှုံ့ဆော်ခြင်း ။



အကြမ်းမဖက်ဆန့်ကျင်ဆန္ဒပြမှုများ

 

လူမှုအဖွဲ့အစည်းတွေ ဟာ ဖိအားတွေ ၊ ဆန္ဒပြမှုတွေပြုလုပ်ပြီး ကုမ္ပဏီအလုပ်တွေ ၊ အစိုးရတွေ နဲ့ အခြားသောလူပုဂ္ဂိုလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်တံ့စေနိုင်ပါတယ်။ အကြမ်းမဖက်ဆန့်ကျင်ဆန္ဒပြမှုတွေ ဟာ လူထုအတွက် နိုင်ငံရေး ၊ ပညာရေး ၊ စီးပွားရေး ရေချိန်မြှင့်တင်ဖို့ ဆော်ဩလို့ ရသလို ထိုမှတဆင့် ဥပဒေတွေ ၊ မူဝါဒတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။

ဂန္ဒီ ၊ မာတင်လူသာကင်း အစရှိသူတွေဟာ အကြမ်းမဖက်ဆန့်ကျင်ရေးနည်းလမ်းနဲ့ သမိုင်းမှာထင်ပေါ်ကျော်ကြားပြီး နှစ်စဉ်နှစ်တိုင်း ပြောင်းလဲမှုသေးသေးလေးမှ  ကြီးမားသောပြောင်းလဲမှုတွေအထိ ဖြစ်ပေါ်နေပါတယ်။

 

Translated by KnowLedgeWave Team


Comments

Popular posts from this blog

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၄)

ရေငန်ပိုင် ဦးရှင်ကြီး