Posts

Showing posts from August, 2022

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၃)

Image
  အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း ကို ဆက်လက်ဖော်ပြပေးသွားပါမည်။ ၁၁။     ပရိမ္မရှင်မင်းခေါင်နတ် ပရိမ္မရှင်မင်းခေါင်နတ် သည် ကျည်းစိုးမင်း (၃၄၈ - ၃၅၄) ဖြစ်သည်။ ကွမ်းဆော်မင်း သည် ကျည်းစိုးမင်း အား သားအရင်းပမာ သဘောထား၍ ပရိမ္မာရွာကို အပိုင်စားပေးခဲ့သည်။ ထို့နောက် ကျည်းစိုးမင်း ဖြစ်လာသောအခါ တောကစားထွက်စဉ် မုဆိုးတစ်ဦးမှ သမင် ထင်မှတ်၍ မျှားဖြင့် ပစ်ရာမှ ထိုမျှားဒဏ်ရာဖြင့် အနိစ္စရောက်၍ နတ် ဖြစ်လေသည်။ ရိုးမတောတွင်းတွင် နတ်ဖြစ်သဖြင့် ရိုးမရှင်မင်းခေါင်နတ် ဟု ခေါ်ဝေါ်ကြသည်။ ၁၂။     ရွှေဖျဉ်းကြီး ရွှေဖျဉ်းကြီးနတ် ကို မင်းကြီး ၊ နောင်တော်ကြီးနတ် ဟု လည်း ခေါ်ကြသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက် သထုံမှ ကုလားဗျတ္တ နှင့် ပန်းစားဘီလူးမ မယ်ဝဏ္ဏ တို့၏ သားနှစ်ဦး အနက် သားကြီး ဖြစ်သည်။ တောင်ပြုံးအရပ် တွင် အနော်ရထာမင်းကြီး ဘုရားတည်ရာမှ အုတ်နှစ်ချပ် လစ်လပ်သည့် ပြဿနာနှင့် ပတ်သက်၍ ကွပ်မျက်ခံရရာ ကွယ်လွန်ပြီး နတ် ဖြစ်သည်။ ၁၃။     ရွှေဖျဉ်းလေး ရွှေဖျင်းလေးနတ် ကို မင်းလေး ၊ နောင်တော်လေးနတ် ဟု ခေါ်ဆို...

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၂)

Image
  လူအများစု လက်ခံကိုးကွယ်နေကြသော အပြင် (၃၇)မင်း နတ်များ ၏ အမည်နာမ အစဉ်လိုက် အား အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အပိုင်း (၂) နှင့် အပိုင်း (၃) ၊ အပိုင်း (၄) တို့တွင် နတ်များအကြောင်းကို အသေးစိတ်ဖော်ပြသွားပါမည်။ ၁။     သိကြားမင်း သိကြားနတ်သည် မိုး နှင့် မိုးကြိုးကို အစိုးရသည်။ လူတို့ကို ကာကွယ်စောင့်ရှောက်၍ လူတို့အပေါ် ကောင်းကျိုး ၊ ဆိုးကျိုးကို ကြည့်ကာ စီမံ စီရင်သူ ဖြစ်သည်။  ၂။     မင်းမဟာဂီရိနတ် မဟာဂီရိနတ် သည် တကောင်းမြို့မှ ပန်းပဲမောင်တင့်တယ် ဖြစ်သည်။ မင်းမဟာဂီရိနတ် စတင်ဖြစ်ထွန်းရာ ကာလမှာ ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထက်  (အေဒီ ၃၄၄ - ၃၈၇) လက်ထက် ဟု ဆိုသည်။ ပန်းပဲဦးတင့်တော် ၏ သား မောင်တင့်တယ် သည် "ဆင်ပြောင်ကိုပင် ချီနိုင်သည် ၊ ဆင်စွယ်ကိုပင် ချိုးပစ်နိုင်သည်" ဟု ဂုဏ်သတင်းမွှေးပျံ့ရာ တကောင်းဘုရင်သည် စိုးရိမ်သဖြင့် လိုက်လံဖမ်းဆီးသောကြောင့် ထွက်ပြေးရသည်။  ဘုရင်က မောင်တင့်တယ် ၏ နှမတော် ကို မိဘုရားမြှောက်၍ မောင်တင့်တယ် အား လှည့်ဖျားခေါ်ယူပြီးလျှင် စံကားပင် ၌ တုပ်နောင်ကာ ထင်းမီးပုံလျှက် ဖိုကျင်ထိုး၍ သတ်လေသည်။ ထိုအခါ မိဖုရားလည်း သူ့ကြောင့် သူ့မောင်...

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)

Image
  မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်အရ (၃၇)မင်း နတ်များ ဟု အထင်အရှားရှိရာ အချို့လူများက နှစ်သက်စွာ လက်ခံကြသော်လည်း ဗုဒ္ဓတရားတော်နှင့်မညီဟု အချို့ က ဝေဖန်ရှုတ်ချကြသည်။ (၃၇)မင်း လို့ ဆိုသော်လည်း အတွင်း (၃၇)မင်း ၊ အပြင် (၃၇)မင်း ဟု ရှိပြန်သဖြင့် ယခုလူအများကိုးကွယ်နေကြသော နတ်အများစုသည် အပြင်(၃၇)မင်းနတ်များ ဖြစ်ကြသည်။ အနော်ရထာမင်းလက်ထက်မတိုင်မီတွင် အသိအမှတ်ပြုခံရသော နတ်အရေအတွက်မှာ (၃၆)မင်း သာ ရှိခဲ့သည်။ထိုစဉ်က မင်းမဟာဂီရိနတ်သည် ပထမဆုံးနတ် ဖြစ်သဖြင့် နတ်အပေါင်းတို့၏ အကြီးအကဲ ဟု သတ်မှတ်ခံခဲ့ရသည်။ အနော်ရထာမင်းလက်ထက်သို့ရောက်ရှိသောအခါ ဗုဒ္ဓဘာသာနတ်ဖြစ်သည့် သိကြားမင်း (ဦးမာဃ) ကို နတ်တို့၏ အကြီးအကဲ ၊ ပထမဆုံးနတ် အဖြစ် သတ်မှတ်ပြီး နတ်အရေအတွက်ကို (၃၇)မင်း ဟု တိုးချဲ့သတ်မှတ်ပေးခဲ့သည်။ အချိန်ကာလ ကြာမြင့်သောအခါ မူလနတ်စာရင်းများ ပျောက်ကွယ်ကုန်ပြီး နတ်အသစ်များ အစားထိုးခြင်းများ ရှိလာတော့သည်။ အများစု ကိုးကွယ်ကြသော (၃၇)မင်းနတ်များ ၏ အမည်များမှာ -  ၁.     သိကြားနတ် (ဦးမာဃ) ၂.     မင်းမဟာဂီရိနတ် (ပန်းပဲမောင်တင့်တယ် ၊ အိမ်တွင်းမင်းမဟာဂီရိ) ၃.     နှမတော်ကြီးနတ် (မင်းမဟာဂီရိနတ...