ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်သော နည်း(10) မျိုး

ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ နည်းလမ်းတွေဟာ ယေဘုယျအားဖြင့် ၁၀ မျိုး ရှိပါတယ်။ ထိုနည်းလမ်း ဆယ်မျိုးဟာ သပိတ်မှောက်ဆန္ဒပြခြင်းသော်၎င်း ၊ ကိုယ်အမူအရာနှုတ်အမူအရာအားဖြင့်သော်၎င်း ၊ နိုင်ငံရေးကမ်ပိန်းလှုပ်ရှားမှုများလုပ်၍သော်၎င်း ၊ အာဏာဖီဆန်ခြင်းကို ပြုလုပ်ခြင်းသော်၎င်း စသည့် အကြောင်းအရာများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဈေးဝယ်သူတွေရဲ့ ဝေဖန်မှုများ နာမည်ကြီးထုတ်ကုန်တွေ ဈေးတက်ပြီဆိုတာနဲ့ လူမှုကွန်ယက်တွေမှာ ၊ လူနေပတ်ဝန်းကျင်တွေမှာပါ ဝေဖန်သံတွေ အများကြီးထွက်လာတတ်တာ သင်ကြုံဖူးမှာပါ။ ထိုအသံတွေက ဘယ်လောက်ပဲ ခမ်းနားကြီးကျယ်လှပါပေ့ဆိုတဲ့ ကုမ္ပဏီကြီးတွေကိုတောင် လှုပ်ခတ်စေပါတယ်။ စားသုံးသူတွေ ၊ ဈေးဝယ်သူတွေဟာ ထုတ်ကုန်တခုခုကို အလွယ်လေးဝယ်ယူလေ့မရှိပါဘူး။ နာမည်အခေါ်အဝေါ် ၊ ပုံပန်းသဏ္ဍာန် ၊ ခံစားချက် ၊ ဆက်ဆံပုံ ၊ အရသာ ၊ အသံ စတယ့် အမျိုးအစားတွေပေါ် မူတည်ပြီး ဈေးဝယ်သူတွေ လိုက်ကြပါသေးတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းများ ကုမ္ပဏီတွေအပေါ် လူအများစုဟာ ရှယ်ယာပိုင်ဆိုင်ထားမှုတွေ ၊ အလုပ်ခန့်အပ်မှုတွေ ၊ ရင်းနှီးမြုပ်နှံမှုတွေ ၊ လုပ်ဖော်ကိုင်ဖက်လုပ်မှုတွေနဲ့ လွှမ်းမိုး...